Programming လောကထဲကို ဘယ်လိုဝင်ရမလဲ ? ဘာရွေးရမလဲ ?
တက်သစ်စ IT ကျောင်းသား ကျောင်းသူတွေနဲ့ IT field ထဲကို အခုမှ စပြီး ဝင်ရောက်မယ့်သူများအတွက် Programming လောကထဲကိုဘယ်လို ဝင်မလဲ ဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။ Programming field မှာသင်ရွေးချယ်ဖို အပိုင်းပေါင်းများစွာ ရှိပါတယ်။ Web ပိုင်းလား၊ Software ပိုင်းလား၊ Desktopရဲ့ application ပိုင်းလား၊ System ပိုင်းလား စသည်ဖြင့် အပိုင်းများ ရှိပါတယ်။ သင်ဟာ game ရေးချင်တာလား၊ Website ရေးချင်တာလား၊ Mobile app တွေဖန်တီးချင်တာလား၊ Window app တွင်ဖန်တီးချင်တာလားဆိုတာ ရွေးချယ်တတ်ဖိုလိုပါမယ်။ သင်ဝါသနာပါလို ရွေးချယ်မှသာ သင်ရွေးချယ်တဲ့အပိုင်းကိုသေသေချာချာ အောင်မြင်စွာအသုံးချနိုင်မှာပဲဖြစ်ပါတယ်။ Website programming ပိုင်းကိုလေ့လာမယ်ဆိုရင်တော့ Programming language တွေ အဖြစ် PHP, Java, C++ နဲ့ .Net တိုကိုလေ့လာရပါမယ်။ Mobile app အပိုင်းကိုလေ့လာမယ်ဆိုရင်တော့ Android တို IOS တိုကိုလေ့လာရပါမယ်။ Window desktop appအပိုင်းကိုလေ့လာမယ်ဆိုရင်တော့ C#, Java စသည်တိုကိုလေ့လာရပါမယ်။ အဓိကက သင်ရွေးချယ်လိုက်တဲ့ Programming Language တစ်ခုတည်းကိုပဲသေသေချာချာအသုံးချ တတ်မှသာအောင်မြင်နိုင်ပါမယ်။ Programming ကိုမလေ့လာခင်မှာ သချင်္ာနဲ့ပက်သက်တဲ့ ဉာဏ်စမ်းတွေကို ကြိုတင်လေ့ကျင့်ထားရပါမယ်။ Programming language ရဲ့ logic တွေဟာ သချာင်္ ရဲ့logic နဲ့ တူတဲ့ အတွက်ကြောင့် Math ရဲ့series များကို လေ့ကျင့်ထားဖိုတော့လိုပါတယ်။ သင်Programming field ထဲကိုဝင်လာပြီဆိုရင် motivation ရှိပြီး အမြဲယုံကြည်မှုရှိနေရပါမယ်။ တချိုသော programmer တွေဟာ programming field ထဲမှာ အားနည်းတတ်ကြပါတယ်။ ဘာလိုလဲဆိုတော့ Error တွေ့တဲ့အခါ error ရှာဖို အချိန်မပေးနိုင်ပဲ Project မြန်မြန် ပြီး ဖိုကိုပဲ အာရုံစိုက်နေကြလိုဖြစ်ပါတယ် နောက်ဆုံး project ရဲ့ idea မထွက်ဘဲ error ပိုများလာပါမယ်။ Error အတွက် Problem solving skill ဆိုတာ Programmer တစ်ယောက်အတွက် တကယ်လိုအပ်ပါတယ်။ Programmer ကောင်းတစ်ယောက်ဖြစ်လာဖိုအတွက်အချိန်သေချာပေးပြီး Project ရဲ့ problem ကိုဖြေရှင်းနိုင်တဲ့ skill ရှိရပါမယ်။ Programming field ထဲကို ဝင်ဖို မခက်ပါဘူး။ ဒါပေမဲ့ Programming Language တစ်ခုတည်းကိုပဲ သေသေချာချာ ပြုလုပ်ပြီး ကျွမ်းကျင်ဖိုကို အချိန် ၂နှစ်ခန့်ပေးရပါမယ်။ Programmer ကောင်းတစ်ယောက်ဖြစ်ဖိုက စာများများဖတ်ရမယ်။ updated knowledge တွေရှိရမယ်။ ဘက်စုံက knowledge တွေလည်းရှိရပါမယ်။ Programmer တစ်ယောက် ဖြစ်လာဖိုအတွက် ဘွဲရ မှ ပညာတတ်မှမလိုပါဘူး။ Knowledge ကျွယ်ဝပြီး အရာရာဖန်တီးနိုင်တဲ့ logic ရှိရင်ရပါပြီ ထကြောင့် သင် Programming field ကိုဝင်တဲ့အခါ သင် ရွေးချယ်လိုက်တဲ့ programming language တစ်ခု ထဲကို သေသေချာချာ တတ်မြောက်အောင်ပြုလုပ်ပြီး အနာဂတ် professional programmers များဖြစ်လာကြပါစေ။