မြန်မာနိုင်ငံတွေမှာ ဝင်ငွေ အကောင်းဆုံး IT Jobs

ကိုယ့်လူတို့ လက်ရှိစိတ်ဝင်စားနေတဲ့ အလုပ်တွေပါနေလား? လက်ရှိ လုပ်နေတဲ့ IT job တွေပါနေလား? ဖတ်ကြည့်ပါ ဒါကတော့ မြန်မာနိုင်ငံတွေမှာ ဝင်ငွေ အကောင်းဆုံး IT Job တွေကို List လုပ်ထားတာပဲဖြစ်ပါတယ်။ 1️ Web Developer : Organization တစ်ခုရဲ့ အဓိကကျတဲ့ process တွေကို အွန်လိုင်း blog တစ်ခုအနေနဲ့ ရော မာကတ်တင်းကြော်ငြာအနေနဲ့ ပါ ကြည့်ရှုလို့ရမယ့် Official website တွေ၊ ကုန်ပစ္စည်းတွေရောင်းချတဲ့ Online Shopping website တွေ၊ Flexible Web Application တွေကိုရေးတဲ့ web developer တစ်ယောက်ရဲ့ ဝင်ငွေကတော့ တစ်နှစ် ကို မြန်မာငွေသိန်း ၁၀၀ ကျော်ရှိပါတယ်။ 2️ Network Engineer : မြန်မာနိုင်ငံမှာ အင်တာနက်ဖိုင်ဘာကွန်ရက်နှင့်ဆက်သွယ်ရေးကွန်ရက်တိုးတက်လာသည်နှင့်အမျှ Data Center တွေရဲ့ ရုံးတိုင်းမှာ အဓိကကျတဲ့ Network သမားတွေလိုအပ်ပါတယ်။ SeniorNetwork Engineer ရဲ့လစာကလည်းတစ်နှစ်ကို မြန်မာငွေ သိန်း၁၀၀ နီးပါးရှိပါတယ်။ 3️ Mobile Application Developer : မြန်မာနိုင်ငံမှာ Website တွေ social media တွေ application တွေသုံးစွဲလာသည်နှင့်အမျှ Mobile Application Developer တွေက အချိန်နဲ့တစ်ပြေးညီ application တွေဖန်တီးရေးဆွဲဖို့လိုပါတယ်။ ဒါကြောင့်Mobile Application Developer တွေက Organization အများစုမှာ အလုပ်လုပ်နေကြများပါတယ်။ Mobile Application Developer တစ်ယောက်ရဲ့လစာဝင်ငွေက တစ်နှစ်ကို မြန်မာငွေ သိန်း၁၀၀ ကျော် နီးပါးရှိပါတယ်။ 4️ QA/ Software Tester : မြန်မာနိုင်ငံမှာ website တွေ application တွေ များပြားလာသည်နှင့်အမျှ Error တို့ bugs တို့က အနည်းနဲ့အများရှိနေတတ်ပါတယ်။ တကယ်သုံးမယ့် user တွေချောချောမွေ့မွေ့သုံးလို့ရအောင် tester တွေက သေသေချာချာ software နဲ့ websites တွေကို testing လုပ်ပေးကြရပါတယ်။ အခုခေတ် websites တွေ software/applications တွေချောချောမွေ့မွေ့သုံးနိုင်တာကလည်း tester တွေသေချာစစ်ပြီးမှ တကယ်သုံးမယ့် user တွေဆီ ရောက်တာပါ။ QA/Tester တစ်ယောက်က တစ်နှစ်ဝင်ငွေက မြန်မာငွေ သိန်း၁၀၀ နီးပါးရှိပါတယ်။ 5️ IT Project Manager : Websites တွေ Applications တွေ ပေါများသုံးများလာတဲ့ခေတ်မှာ Developer တွေစနစ်တကျနဲ့ကောင်းကောင်းဖန်တီးနိုင်ဖို့ အမှားအယွင်းမရှိ တကယ်သုံးမယ့် user တွေဆီအရောက်ပို့နိုင်ဖို့ ဆိုရင် Websites တွေ Project တွေကိုရေးတဲ့ developer တွေကို Management လုပ်နိုင်တဲ့သူကတော့ IT Project Manager ပဲဖြစ်ပါတယ်။ IT Project Manager ရဲ့ guideline တွေ timelines တွေ schedule တွေနဲ့ Websites တွေ application တွေကို developer တွေကခအဆင်ပြေချောမွေ့စွာလုပ်နိုင်မှာဖြစ်ပါတယ်။ Project Manager တစ်ယောက်ရဲ့ တစ်နှစ်ဝင်ငွေက မြန်မာငွေ သိန်း ၂၀၀ ဝန်းကျင်ရှိပါတယ်။ အိုင်တီ အလုပ်အကိုင်တွေကတော့ ကိုယ်ကသာ တစ်ဖက်ကမ်းခက် ကျွမ်းကျင်မယ်ဆိုရင်ဘယ်နေရာ၊ ဘယ်နိုင်ငံ ရောက်ရောက် ကောင်းကောင်း ရပ်တည်လို့ ရပါတယ်။ Web Developer, Mobile application developer ဖြစ်ချင်တဲ့သူတွေအတွက် Ethan Tech Academy မှာ Web Development သင်တန်းနဲ့ Mobile Application သင်တန်းတွေဖွင့်လှစ်ထားပါတယ်။