Content and Copy Writing (ကြော်ငြာစာရေးသားခြင်း)ဆိုတာ

ဒီနေ့ခေတ်ရဲ့ Digital Platform တွေမှာ ကြော်ငြာစာ ရေးသားခြင်းက Business တိုင်းအတွက် အရေးပါပြီးလိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ် လာပါတယ်။ Content and Copy Writing (ကြော်ငြာစာရေးသားခြင်း)ဆိုတာက Online ပေါ်က ပရိသတ်တွေ Customerတွေကို ထိတွေ့ဆက်ဆံ ပြောဆိုပြီး ဆွဲဆောင်နိုင်ဖို့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ မရှိမဖြစ်လိုအပ်တဲ့ Skill တစ်ခု ဖြစ်ပါတယ်။ Content & Copy Writing ဆိုတာ ဘာလဲ။ လွယ်လွယ်ပြောရရင် စာရေးသားခြင်းပါပဲ။ Website , Blog , Social Media Platform တွေပေါ်ကနေ ဆွဲဆောင်မှုရှိပြီး Business ဒါမှမဟုတ် Community အတွက်အကျိုးဖြစ်ထွန်းစေမယ့် အရာတွေကို ဖန်တီးခြင်းအနုပညာဖြစ်ပါတယ်။ စာဖတ်သူကို ဆွဲဆောင်စေရုံသာမက သက်ဆိုင်ရာ အချက်အလက်တွေကို တိုတိုတုတ်တုတ်နှင့် ဆွဲဆောင်မှုရှိတဲ့ ပုံစံနဲ့ အကြောင်းအရာများ ဖန်တီးခြင်း စာဖတ်သူ၏အာရုံကို ဖမ်းစားခြင်းနှင့် ရည်ရွယ်ထားတဲ့ မက်ဆေ့ချ်ကို ထိထိရောက်ရောက် ပေးပို့ခြင်းတို့ ပါဝင်ပါတယ်။ သတင်းအချက်အလက်ဆိုင်ရာ ဆောင်းပါးများနှင့် ဆွဲဆောင်မှုရှိတဲ့ Sale Copy ၊Social Media Post နှင့် စွဲမက်ဖွယ်ကောင်းတဲ့ Storytelling စတဲ့၊ အကြောင်းအရာရေးသားခြင်းမှာ Style & Format များစွာပါဝင်ပါတယ်။Content & Copy Writerတွေကတော့ Target Audience တွေနဲ့ ကိုက်ညီတဲ့ Content & Copy တွေကို ထုပ်နိုင်ဖို့ ကျွမ်းကျင်မှု လေ့လာမှုနဲ့ Creativity တို့ လိုအပ်ပါတယ်။ Content and Copy Writing က ဘယ်လိုနေရာတွေမှာ အသုံးဝင်လဲ? ( က)Digital Marketing- ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေး စနစ်တကျနဲ့ ကောင်းကောင်း ဖန်တီးထားတဲ့ Content & Copy တွေက ရှာဖွေရေးအင်ဂျင်ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း (SEO)၊ Social Media Marketing၊ E-mail Marketing စတဲ့ စျေးကွက်ရှာဖွေရေးဗျူဟာတွေမှာ အရေးပါတဲ့ နေရာတစ်ခုမှာရှိ ပါတယ် ။ ( ခ) Website Website တွေရဲ့ အဓိကလိုအပ်ချက်ကတော့ viewer များလာအောင် ဆွဲဆောင်မှုရှိတဲ့ အကြောင်းအရာများကို ဖန်တီးရေးသားဖို့ပဲ ဖြစ်ပါတယ်။ ( ဂ) သတင်းစာပညာနှင့် ထုတ်ဝေရေး- သတင်းဆောင်းပါးတွေ အင်တာဗျူးတွေနဲ့ ဆွေးနွေးပွဲတွေ ဒီအရာတွေကို သတင်းစာတွေ၊ မဂ္ဂဇင်းတွေနဲ့ Online media တွေကနေတဆင့် Public ကို ပြန်လည်ချပြဖို့မှာလည်း စာရေးသား ဖန်တီးခြင်းက မရှိမဖြစ် ပါပဲ။ ( ဃ) E-commerce- E-commerce Platform တွေအနေနဲ့လည်း Product တွေရဲ့ အားနည်းချက် အားသာချက် အသုံးဝင်ပုံတွေကို ဆွဲဆောင်မှုရှိရှိ ရေးသားနိုင်ခြင်းကလည်း Online ကနေ Customer ဝယ်ချင်အောင် ဆွဲဆောင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ -ဘာကြောင့် Content & Copy Writing ကို တတ်သင့်တာလဲ? Content & Copy Writing ကို အသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့ ရွေးချယ်နိုင်ပါတယ်။ Content & Copy Writer တွေက အလုပ်ချိန်နှင့် အလုပ်နေရာ ရွေးချယ်သတ်မှတ်ထားတာမျိုးမရှိလည်း ကြိုက်ရာနေရာ အချိန်မှာ ကိုယ်ပိုင်စိတ်ကူး ညဏ်စွမ်းကို အသုံးချပြီး လုပ်ဆောင်နိုင်ပါတယ်။ တိုးတတ်လာတဲ Digital ခေတ်မှာ လုပ်ငန်းအကြီးတွေကနေ Start-up လုပ်ငန်းတွေထိ အပြိုင်အဆိုင် စျေးကွက်ထိုးဖောက်ဖို့ Content and Copy Writing က မရှိမဖြစ်အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။ ဒါကြောင့်အလုပ်အကိုင်အခွင့်အလမ်းအတွက် ကိုယ်စွမ်းရှိနေသ၍ စိတ်ပူဖို့မလိုပါဘူး။ ကိုယ်ပိုင်အာမခံနိုင်တဲ့ ကျွမ်းကျင်မှုနဲ့ ဖန်တီးမှုသာရှိရင် မြင့်မားတဲ့ ဝင်ငွေလမ်းကြောင်းကို စိတ်ကြိုက် ဖန်တီးနိုင်ပါတယ်။ - Content Writing ကို ဘယ်မှာ လေ့လာရမလဲ။ ( က) အွန်လိုင်းသင်တန်းများ ( ခ) Webinar နဲ့ Workshop တွေ ( ဂ) Content & Copy Writing နဲ့သက်ဆိုင်တဲ့ Blog ၊ Article ၊ စာအုပ်တွေ ဖတ်ရှုလေ့လာခြင်း ( ဃ) အလေ့အကျင့်နှင့် အတွေ့အကြုံ Content & Copy Writer တစ်ယောက်အနေနဲ့ ဘယ်လို အခွင့်အလမ်းတွေ ရရှိနိုင်လဲ? ( က)Freelancer- အလွတ်တန်း လုပ်ကိုင်ခြင်း Client အများအပြားနဲ့ ဆက်သွယ်ကာ ကိုယ်နဲ့ ကိုက်ညီတဲ့ ပရောဂျက်တွေကို လွတ်လပ်စွာရွေးချယ်ပြီး ဝန်ဆောင်မှုပေးခြင်းဖြင့် Limit မရှိတဲ့ ဝင်ငွေနဲ့ ကိုယ်ပိုင်အချိန်ကို ရရှိနိုင်ပါတယ်။ ခ) In-house ဝန်ထမ်း သက်ဆိုင်ရာ business ရဲ့ အကြောင်းအရာတွေကို Customer တွေကို Online ပေါ်ကနေ အမြဲမပြတ် ပြောပြ အသိပေးဖို့ ကျွမ်းကျွင်တဲ့ Content and Copy Writer တွေက Business တိုင်းအတွက်လိုအပ်နေပါတယ်။ အချိန်ပြည့်ဝန်ထမ်းအနေနဲ့လည်း ကိုယ်ပိုင်စိတ်ကူး ဖန်တီးမှုတွေနဲ့ အလုပ်လုပ်နိုင်ပါတယ်။ ↪Internship Opportunity↩ ရနိုင်တဲ့ Content & Copy Writing သင်တန်းကို Ethan Tech Academy မှာ တက်ရောက်နိုင်ပါတယ်။