ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေ (IT) ကို ဘယ်လောက်ထိ မှီခိုအားထားနေရလဲ

ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေ (IT) ကို ဘယ်လောက်ထိ မှီခိုအားထားနေရလဲ Operational Efficiency လုပ်ငန်းဆောင်ရွက် ထိရောက်မှု IT က လုပ်ငန်းလည်ပတ်မှုတွေကို ချောမွေ့စွာ လည်ပတ်နိုင်စေဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ Software ကို သုံးပြီး Manual လုပ်ငန်းစဉ်တွေကို အလိုအလျောက်လုပ်ဆောင်ခြင်း၊ ကုန်ပစ္စည်းစာရင်း အသွားအလာတွေကို အချိန်နှင့်တစ်ပြေးညီ ခြေရာခံခြင်း၊ Customer order တွေနဲ့ shipping process တွေကို စောင့်ကြည့်ခြင်း စတဲ့ IT ကိုအသုံးချပြီး ပိုမို မြန်ဆန် ထိရောက်အောင် လုပ်ဆောင်နိုင်ပါတယ်။ Data Managementဒေတာစီမံခန့်ခွဲမှု IT ကို သုံးပြီး စီးပွားရေးလုပ်ငန်းတွေအတွက် အသက်လိုကိုဖြစ်နေတဲ့ Data တွေကို manage, analyze, protect လုပ်နိုင်ပါတယ်။။ Customer Communication ဖောက်သည်ဆက်သွယ်ရေး Business တွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ Customer Communication အတွက် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ Customer တွေနဲ့ အချိန်နှင့်တပြေးညီ အပြန်အလှန်ဆက်သွယ်ဖို့၊ ရေရှည်တည်မြဲတဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့ IT ကို အသုံးပြုနိုင်ပါတယ်။ Marketing and Sales စျေးကွက်ရှာဖွေရေးနှင့်အရောင်း IT က Business တွေရဲ့ Product နဲ့ service တွေကို စျေးကွက်ဖောက်ဖို့ နဲ့ အရောင်းမြင့်တင်ဖို့ ကူညီပေးနိုင်ပါတယ်။ Social Media ပေါ်မှာ ကြော်ငြာခြင်း၊ e-commerce ဝဘ်ဆိုဒ်များဖန်တီးခြင်း Target Market ရောက်ဖို့ Campaign ပြုလုပ်ခြင်းတွေမှာ IT ကို အဓိကထား အသုံးပြုကြပါတယ်။ ပြောရရင်တော့ IT က ခေတ်မီလုပ်ငန်းတိုင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ လုပ်ငန်းလည်ပတ်မှုများကို စီမံခန့်ခွဲခြင်းကနေ ဖောက်သည်တွေနဲ့ ဆက်သွယ်ခြင်း အထိ ဒီနေ့ခေတ်ရဲ့ ပြောင်းလဲနေတဲ့ စီးပွားရေး ရေစီးကြောင်းမှာ အောင်မြင်ဖို့အတွက် IT က မရှိမဖြစ်အရေးပါ ပါတယ်။