"Python လေ့လာနေသူတွေအတွက် အရမ်းကိုအသုံး ဝင်စေတဲ့ Github repo (၁၀) ခု"

Python လေ့လာနေသူများနဲ့ပတ်သတ်ပြီး ဒီနေ့မှာတော့ အသုံးဝင်စေမယ့် Github repo (၁၀) ခု ကိုစုစည်းပေးထားပါတယ် ။ ဒီ Repo တွေမှာ Python အခြေခံတွေတင်မဟုတ်ဘဲ ML, AI,Data Science,etc.... အစရှိသဖြင့် fields အစုံအလင်ကို လေ့လာနိုင်ပြီး အထောက်အကူဖြစ်စေမယ့် စာအုပ်တွေ Course တွေ project တွေကိုပါ ရှာဖွေလေ့လာနိုင်မှာပါ ။ ဒီတော့ Python ကိုလေ့လာနေတဲ့သူတစ်ယောက်ဆို ဒီ Repo တွေကိုမဖြစ်မနေ သွားရောက် လေ့လာကြည့်ဖို့ အကြံပေးလိုက် ပါတယ်။ 1.Curated Python list ဒီ Repo မှာကတော့ Python မှာရှိသမျှ Libraries, Frameworks, Resources တွေအကုန်လုံးကို စုစည်းပေးထားပါတယ် ။ Beginner တွေအနေနဲ့ python နဲ့ ဘယ်အပိုင်းတွေလိုက်လို့ရလဲဆိုတာသိလိုရင် ဒီ list ကိုသာသွားကြည့်လိုက်ပါ။ နောက်ပြီး ဒီ libraries တွေ Frameworks တွေကို ဘယ်လိုအသုံးပြုရမလဲ ။ ဘယ်အပိုင်းအတွက် ဘယ်ဟာက ဘယ်လိုအသုံးဝင်လဲဆိုတာအတွက်ပါလေ့လာနိုင်ပါတယ်။ https://github.com/vinta/awesome-python 2. Book list ဒီမှာတော့ Python နဲ့ ပတ်သတ်တဲ့ စာအုပ်ကောင်းတွေချည်းစုစည်းပေးထားတာပါ ။ Data Structure and algorithm, web,game,data science, Machine learning, Artifical intelligence,etc..... စာအုပ်တွေအမြောက်အများကို collect လုပ်ပေးထားတာပါ ။ Paid version စာအုပ်တွေများပါတယ် ။ တော်တော်လေးအထောက်အကူဖြစ်စေမှာမို့ ကိုယ်နဲ့သင့်တော်တဲ့စာအုပ်တွေသွားရောက်ရှာဖွေကြည့်နိုင်ပါတယ်။ https://github.com/Junnplus/awesome-python-books 3. Jupyter Project list Jupyter ဆိုတာကတော့ open source project တွေ resources တွေနဲ့ libraries တွေကိုစုစည်းပေးထားတဲ့ web app တစ်ခုပါ ။ ဒီ web app မှာရှိတဲ့ python project တွေ Jupyterlab extension တွေ education တွေအပြင်တခြား resources အမြောက်အများ အောက်ပါ link ကနေ သွားရောက်ရှာဖွေနိုင်ပါတယ်။ https://github.com/markusschanta/awesome-jupyter 4. Python Machine Learning Ebooks Machine Learning နဲ့ပတ်သတ်ပြီး စာအုပ်ကောင်းတစ်အုပ်ရှာဖွေနေရင်တော့ ဒီစာအုပ်ကို အကြံပေးလိုက်ပါတယ် ။ စာအုပ်နဲ့ပတ်သတ်ပြီး Reviews ကို အောက်ပါ Github repo မှာ သွားရောက်ဖတ်ရှုနိုင်ပြီး amazon ကနေ ဝယ်ယူနိုင်သလို Packt ကနေလဲဝယ်ယူနိုင်ပါတယ် ။ https://github.com/.../python-machine-learning-book-3rd... 5. Byte of python ဒါကတော့ Beginner တွေ python ကိုစတင်လေ့လာတော့မှာပဲ ဖြစ်ဖြစ် မလေ့လာခင်အရင်သုံးသပ်ချင်တာပဲ ဖြစ်ဖြစ် free သွားရောက်ဖတ်ရှုနိုင်ပါတယ် ။ ဒီစာအုပ်က Beginner တွေကို Guide လိုသဖွယ် tutorial လိုတစ်မျိုး သေချာလေး သင်ကြားပေးထားပါတယ် ။ https://github.com/swaroopch/byte-of-python 6. Coding Challange Python Data structure နဲ့ Algorithm ပိုင်းတွေမှာ Coding challange လုပ်ချင်တဲ့သူတွေအနေနဲ့ အောက်ပါ repo ကနေသွားရောက်ရှာဖွေနိုင်ပါတယ် ။ categories အလိုက် challenge type တွေခွဲပေးထားပြီး challenge ပေါင်း ၁၂၀ ကျော်ရှိပါတယ် ။ https://github.com/donnemartin/interactive-coding-challenges 7. Interview Questions Python နဲ့ပတ်သတ်ပြီး အလုပ်လျှောက်တော့မယ့်အခါ ပြင်ဆင်ထားသင့်တဲ့ Coding Interview Questions တွေကို လေ့လာချင်တယ်ဆိုရင်တော့ ဒီ repo က အထောက်အကူဖြစ်စေပါလိမ့်မယ် ။ https://github.com/sigmavirus24/python-interview-questions 8. 300+ Interview Questions အပေါ်က repo က questions တွေလောက်နဲ့မလုံလောက်သေးရင် ဒီ repo ကိုထပ်လေ့လာကြည့်ပါ ။ questions ပေါင်း ၃၀၀ ကျော်ရှိပြီး ဘယ်လိုဖြေရမလဲဆိုတာပါ ပါဝင်ပြီးသားပါ ။ https://github.com/learning-zone/python-interview-questions 9. Data Structure and Algorithm Data Structure နဲ့ algorithm ကို ခရေစေ့တွင်းကျ လေ့လာချင်သူတွေအနေနဲ့ ဒီ repo ကတော်တော်လေးအထောက်ကူဖြစ်စေမှာပါ ။ stars ၁၈၀၀ ကျော်တောင်ရရှိထားတဲ့ repo တစ်ခုဖြစ်ပြီး အရင်ကအခြေခံလောက်လေ့လာထားဖူးရင် ဒီကနေဆက်လေ့လာဖို့အကြံပေးလိုက်ပါတယ် ။ https://github.com/keon/algorithms 10. Github's Python Trending list နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလိုပဲ ဒီ repo ကတော့ github မှာ trend ဖြစ်နေသမျှ python repo တွေကိုစုစည်းပေးထားတဲ့ repo တစ်ခုပါ ။ Project တွေပဲရှာရှာ learning resources တွေပဲရှာရှာ ဒီကနေအများကြီး ရှာဖွေနိုင်ပါသေးတယ် ။ https://github.com/trending/python