Programming အတွက် Effectively ဖြစ်စေမဲ့နည်းလမ်း‌များ

Programming ကိုစလေ့လာခါစမှာ အနည်းနဲ့အများတော့ အခက်အခဲဆိုတာကြုံတွေ့ရမှာပဲ။တစ်ချို့‌တွေပြောကြလိမ့်မယ်။Programming ဆိုတာ အရမ်းခက်တယ်၊ အရမ်းစဉ်းစားရတယ်ပေါ့ ဒီလိုစကားတွေကြားဖူးကောင်းကြားဖူးလိမ့်မယ်။ တကယ်တော့ Programming ကိုမှမဟုတ်ဘူး ဘာပဲလေ့လာလေ့လာ လေ့လာပုံနည်းစနစ်မမှန်ခဲ့ရင်ရှေ့ဆက်နိုင်မှာမဟုတ်ဘူး။ဒါကြောင့်မို့ Programming ကိုခုမှစမဲ့သူတွေကော လေ့လာနေဆဲသူတွေအတွက် ကိုယ့်ရဲ့ အတွေ့အကြုံလေးကိုပြန်၍မျှဝေပေးထားတယ်။ 1.အခြေခံကနေစတင် ဒီအချက်ဟာ Programming ကိုစလေ့လာခါစမှာ Beginner တွေအနေနဲ့ မှားတတ်ကြတဲ့အမှားတစ်ခုပဲ။ ဘယ်လိုလဲဆိုရင် Chapter တစ်ခုမပြီးဘဲနဲ့ နောက် Chapter တစ်ခုကိုကျော်ပြီးလေ့လာတာပဲ။ ဒီအချက်ဟာ စစခြင်းမှာတော့ သိပ်ပြီးမသိသာပေမဲ့ နောက်ပိုင်း အမြင့်ပိုင်းတွေကိုရောက်လာခဲ့အခါမှာ အရင်ကသင်ခဲ့တဲ့အခြေခံတွေမပိုင်‌တာကြောင့် ရှေ့ဆက်လို့ရမှာကိုမဟုတ်ဘူး။ ပြောလိုတာက Programming ကိုစပြီးလေ့လာပြီဆိုတည်းက အခြေခံကိုသာပိုင်အောင်လုပ်စေချင်တယ်။ Programming ပိုင်းနဲ့ပတ်သတ်တဲ့ Fundamental မှာဆိုရင် Variable တွေပါမယ်၊ နောက် Control Structure, Loops,Function, Syntax..etc, အစရှိသဖြင့်ပေါ့။အိမ်တစ်လုံးတည်ဆောက်တဲ့အခါမှာ အုတ်မြစ် Foundation ပိုင်းကိုအရင်တည်ဆောက်ရသလို Foundation ကောင်းမှ အဲ့အိမ်ဟာ တစ်သက်လုံးကြာကြာခံမှာ ၊ Programming ဟာလည်းဒီသဘောပဲ အောက်မှာအခြေမခိုင်ခံ့ရင် အပေါ်ရောက်လာရင် ဆက်သွားလို့မရ အစကပြန်လေ့လာရနဲ့ ပိုပင်ပန်းလိမ့်မယ်။ အဲ့တော့ Foundation ကိုပိုင်အောင်လုပ်စေချင်ပါတယ်။ 2. Language တစ်ခုကိုရွေးချယ် Language ရွေးချယ်တဲ့အခါမှာ Front-end တွေ Back-end တွေကိုခဏမေ့ထားလိုက်။ ကိုယ်နဲ့သင်တော်မဲ့ Language ကိုသာရွေး။ Beginner တွေအနေနဲ့ဆိုရင် Python ကိုရွေးသင့်တယ်။ Python ဟာရေးရတာရှင်းတယ်။code လည်းတိုတာကြောင့် ခုမှစလေ့လာခါစလူတွေ အကြိုက် တွေ့နိုင်တယ်။ Python နဲ့ရေးရတာကိုမကြိုက်လည်း C++ , Java တို့နဲ့စလည်းရတယ်။ကိုယ်ကြိုက်တဲ့ language ကိုသာရွေးပြီးလေ့လာပေါ့။ 3. Code by Hand စာရွက်ပေါ်မှာ Code ရေးတတ်တဲ့အကျင့်။ ဒီအကျင့်လေးကို Beginner Level မှာတည်းကမွေးမြူသွားသင့်တယ်။ Code ကိုစာရွက်ပေါ်မှာ ဖြစ်ဖြစ် Whiteboard ပေါ်မှာ ဖြစ်ဖြစ်ရေးတာဟာ ပိုပြီးတော့ မှတ်မိလွယ်စေတယ်၊ တော်ရုံတန်ရုံနဲ့ မမေ့နိုင်ဘူး။ Code ကိုလက်နဲ့ချရေးတာကြောင့် Syntax တွေ Algorithms တွေကိုပိုရှင်းပြီးနားလည်လာလိမ့်မယ်။ နောက်အလုပ်လျှောက်တဲ့အခါကျ Interviewer က Code ရေးခိုင်းလိမ့်မယ်၊ Code ရေးဖိုအတွက် editor တို့ဘာတို့ပေးမှာမဟုတ်ဘူး ဘောပင်တစ်ချောင်းနဲ့စာရွက်ပဲပေးမှာ အဲ့ခါကျရင် ကိုယ်အရင် စာရွက်ပေါ်မှာ Code ရေးတတ်တဲ့အကျင့်ဟာဒီအချိန်မှာအများကြီးအထောက်အပံဖြစ်စေတယ်။ဒါကြောင့်မို့ခုတည်းက စာရွက်ပေါ်မှာ Code ရေးတတ်အောင်လုပ်ထားသင့်တယ်။ ဒီနည်းဟာ Professional Programmer တစ်ယောက်ဖြစ်ဖိုအတွက် ကောင်းတဲ့ Technique တစ်ခုပဲ။ 4. Resources တွေကိုအသုံးချပါ။ ကိုယ်တွေ Programming လောကရဲ့အားသာတဲ့အချက်တစ်ခုက အဲ့တာပဲ။ ဘာပဲလေ့လာချင် လေ့လာချင် လေ့လာဖို့အတွက် free resources တွေအများကြီးမှ အများကြီးပဲကိုယ့်ဘက်ကအချိန်တစ်ခုပဲလိုတယ်။ Programming ကိုလေ့လာဖို့ဆို - freecodecamp.org khanacademy.org code.org ocw.mit.edu/index.html archive.org ဒီလို အခမဲ့ website တွေကနေလည်းလေ့လာသွားလို့ရတယ်။အောက်မှာလည်းProgramming လေ့လာဖို့အတွက်အဖိုးတန် Resources တွေချည်းစုပေးထားတယ်။ Programming လေ့လာဖို့အတွက် English လို YouTube Channel တွေ https://www.facebook.com/101919591813325/posts/235811725090777/ ဒီမှာက မြန်မာလို YouTube Channel https://www.facebook.com/101919591813325/posts/205638158108134/ JavaScript အတွက် Full Collection https://www.facebook.com/101919591813325/posts/242162291122387/ ဒါက Computer Science အတွက် https://www.facebook.com/101919591813325/posts/226936012645015/ 5. Share Knowledge, Teach ဒီနည်းဟာလည်း Programming အတွက်အသုံးဝင်တဲ့အချက်တစ်ခုပဲ။ ကိုယ်လေ့လာထားတာတွေကိုအတွေ့အကြုံတွေကိုပြန် Share ပေါ့။ ဥပမာ- ကိုယ်က ဒီနေ့ Python Basic လေ့လာထားတယ်၊ Python လေ့လာနေရင်းသိလာရတဲ့ Knowledge တွေ အတွေ့အကြုံတွေကို Twitter တို့လို Platform တွေမှာပြန်ပြီးမျှဝေပေါ့။ ဒီနည်းဟာ ကြည့်ရတာရိုးရှင်းပေမဲ့လက်တွေ့မှာတော်တော်လေးအကျိုးရှိတယ်။ နောက်တစ်ခုကသူများကိုပြန်သင်ပေးတာ၊ ကိုယ်လေ့လာထားကိုမမေ့ချင်ဘူးဆိုရင် သူများကိုပြန်သင်‌ပေးလို့ပဲ‌ပေးပြောချင်တယ်။ သူများကိုပြန်သင်ပေးတာဟာ ကိုယ်ရဲ့ Skill လည်းပိုတတ်သလို သူများလည်းအကျိုးရှိတယ်။ ဗုဒ္ဓဘာသာနည်းနဲ့ကြည့်ရင် လည်း ဒီလိုလုပ်တာဟာ ကုသိုလ်တောင်ရသေးတယ်။ 6. Take a Breaks ခုမှ Programming ကိုစလုပ်တဲ့သူတွေ ဒီအချက်လေးကိုဂရုစိုက်သင့်တယ်။ ဘာလို့ဒီလိုပြောရလဲဆိုရင် တစ်ချိုဆို Code ရေးနေရင်းဈာန်ဝင်သွားလို့ ထမင်းမေ့ဟင်းမေ့ လူတွေမြင်ဖူးတယ်။ ဒီဟာက ရေရှည်မှာ ကျန်းမာရေးအတွက်ထိခိုက်နိုင်တယ်။ ဒါကြောင့် ခဏတော့နားပေါ့။ နား‌နေတဲ့အချိန်မှာလည်း သီချင်းနားထောင်တာဖြစ်ဖြစ် YouTube ကြည့်တာဖြစ်ဖြစ်လုပ်သင့်တယ်။ Game ‌ဆော့ရင်းမနားဖို့တော့အရေးကြီးတယ်။ဘာလို့ဆို Game ထဲမှာနိုင်လာရင်ကအကြောင်းမရှိဘူး။ရှုံးလာလို့ လောင်လာရင် နောက် ကိုယ် Programming ကိုပြန်ရေးတဲ့အချိန်ကျရင်လည်းကိုယ့်အလုပ်မှာထိခိုက်နိုင်တယ်။ 7. How To Debugg Programming ဆိုတဲ့အရာနဲ့စတင်ထိတွေပြီဆိုတည်းက နောက်ဆက်တွဲ Errors တွေဆိုတာကြုံလာရမှာပဲ။တစ်ချို့တွေကလည်း Error တတ်လာရင်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ကြာလာတော့ ငြီးငွေ့လာပြီး အရှုံးပေးလိုက်တယ်။ ဒီလိုတွေဖြစ်တာတွေဟာ Debugging ကိုကောင်းကောင်းမရင်းနှီးသေးတာကြောင့်လည်းပါတယ်။ Code ရေးနေရင်းနဲ့ Error တတ်သွားတယ်ဆိုရင် ဘယ်ကနေစမှားလဲဆိုတာကို ပြန်စစ် ၊ Debugging Tool တွေကိုသုံး၊နောက် StackOverFlow တို့လို Platform တွေမှာ ကိုယ်တက်နေတဲ့ Error နဲ့ပတ်သတ်ပြီးအဖြေတွေကိုလိုက်ရှာပေါ့။ Debugging လုပ်တာဟာ Coding ပိုင်းတင်မဟုတ်ဘူး အပြင် Real Life မှာပြသနာဖြစ်လာခဲ့ရင်လည်း Debugging လုပ်သမျိုးနဲ့ တစ်ဆင့်ပြီးတစ်ဆင့်ဖြေရှင်းသွားနိုင်တယ်။ ဒါဟာ Debugging ကောင်းကောင်းလုပ်တတ်ရင် ရလာမဲ့အကျိုးကျေးဇူးတွေပဲ။ နောက်ဆုံးကတော့ ပြောနေကြအတိုင်း Keep going လို့ပဲအကြံပေးချင်ပါတယ်။ Programming ဆိုတဲ့အလုပ်ဟာ Laptop တစ်လုံးနဲ့ Internet သာရှိရင် ဘယ်နေရာမဆို အလုပ်လုပ်လို့ရတဲ့ အားသာအချက်တစ်ခုဆိုတာတော့မမေ့စေချင်ဘူး။ အပေါ်မှာရေးခဲ့အတိုင်း Fundamental ပိုင်းတွေကို Step By Step လုပ်သွားမယ်၊ Code ကိုလက်နဲ့ရေးတတ်ဖို့ခုတည်းကျင့်ထားမယ်၊ နောက် Debugging ကိုကောင်းကောင်းအသုံးပြုတတ်မယ်ဆိုရင်တော့ အလုပ်မှာနေရာ‌ကောင်းကောင်းတစ်နေရတော့ရလာမှာပါ။