Developer road map success

IT လောကထဲ စဝင်ပြီဆိုတာနဲ့ ကိုယ်က ဘာဖြစ်ချင်တာလည်းသိဖို့လိုအပ်ပါတယ်။ ကိုယ်က software developer ဖြစ်ချင်တာလား၊ web developer ဖြစ်ချင်တာလား၊ Networking လုပ်ချင်တာလား စသည်ဖြင့်ရွေးရမယ်။ အဲ့လိုလမ်းကြောင်းရွေးပြီးသွားရင် ကိုယ်သွားမဲ့ လမ်းကြောင်းရဲ့ beginner level ကိုစရမယ်။ professional ဖြစ်ဖို့အတွက်ကျတော့ လေ့လာရင်း အလုပ်လုပ်ရင်းနဲ့ professional လမ်းကြောင်းကိုလုပ်ရတယ်။ ကိုယ်က သိစရာတွေများသေးတယ်ဆိုရင် လေ့လာပါ။ နည်းပညာနောက်ကိုလိုက်မယ်ဆိုရင် အပင်ပန်းခံနိုင်ရမယ်။ နောက်ပြီး web developer တွေဆိုရင် web တစ်ခုတည်းကိုပဲလေ့လာလို့မရဘူး။ သူနဲ့သက်ဆိုင်ရာ server အပိုင်းတွေပါလေ့လာရမယ်။ နောက်ပြီး Network နဲ့ ပတ်သက်တဲ့ developing အပိုင်းတွေပါလုပ်လာခဲ့ရင် ကိုယ်က Networking မသိနေဘူးဆိုရင် လုပ်ရတာ အဆင်ပြေမှာမဟုတ်ဘူး။ အဲ့တော့ သက်ဆိုင်ရာဆက်စပ်နေတာမှန်သမျှလေ့လာထားရမယ်။ နောက်တစ်ခုက software developer ပေါ့ ။သူကျတော့လည်း ကိုယ်က android လား ios, desktop လား စသည်ဖြင့် လုပ်ဆောင်ရမယ်။ ကိုယ်ရွေးလိုက်တဲ့ လမ်းကြောင်းပေါ်မူတည်ပြီး သိသင့်တဲ့ အရာတွေအကုန်သိရမယ်။ software engineer ဆိုရင် သူက အကုန်လုံးသိဖို့ လိုလာပြီ။ software ဆိုတာက ရှိသမျှ web app, andriod, ios, desktop စတာတွေကို တစ်ပေါင်းတည်းခေါ်လိုက်တာပဲ။ အဲ့မှာပြောစရာ တစ်ခုရှိတာက web မှာကျတော့ အသုံးချလို့ရတာကိုပဲ web app လို့ခေါ်ပြီးတော့ တစ်ချို့ အရာတွေကြတော့ websiteလို့ခေါ်တယ်။ အကြမ်းဖျင်းအားဖြင်တော့ နည်းပညာအကြောင်းကို သိလောက်ပြီပေါ့။ ဘယ်ကနေစလေ့လာရမလဲဆိုတာကကိုယ့်လေ့လာမဲ့ language ပေါ် မူတည်ပြီးစတင်လေ့လာရမယ်။ ဥပမာ web ဆိုရင် HTML/HTML5, CSS/CSS3, JavaScript ကိုလေ့လာရမယ်။ပြီးရင် server side language ဖြစ်တဲ့ php, vb script,c#.net, .net, python စတာတွေကိုလေ့လာရမယ်။ Beginner တွေအများဆုံးဖြစ်နေကြတာ ဘယ်အထိပြီးပြီး ဘာထပ်လေ့လာရမလဲပဲ ဖြစ်နေကြတယ်။ ကိုယ်က software enginner ဖြစ်ဖို့အတွက်ရည်ရွယ်တယ်ဆိုရင် softwareနဲ့ ပက်သတ်တာမှန်သမျှလေ့လာပါ။ အဲ့လိုမှမဟုတ်ဘူး hacker ဖြစ်ဖို့ဆိုရင်တော့ အကုန်လေ့လာပါ ။ ဒီနေရာမှာ Hacker အကြောင်းနည်းနည်းပြောပြမယ်။ computer levelမှာ high level က ဘယ်နေရာလည်းလို့ပြောရင် hacking level ပါပဲ။ hacking ကို သီသန့်လည်းတက်လို့ရပါတယ်။ကိုယ်လုပ်မဲ့ အရာကို ခရေစေ့တွင်းကျသိထားရင်ပိုကောင်းတာပေါ့။ အဓိက ကကိုယ်လုပ်မဲ့ လမ်းကြောင်းကို တစိုက်မတ်မတ်သွားပါ။လုပ်လိုက်မလုပ်လိုက် မလုပ်ပါနဲ့။ မလုပ်ချင်ဘူး ဝါသနာမပါဘူးဆိုရင် ဒီလောကထဲမှာမလုပ်ပါနဲ့။ programmer, developer ဆိုတာ error ပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းရတဲ့သူပါ။ အဲ့တာတွေမလုပ်ချင်ဘူး။ မလုပ်နိုင်ဘူး။ စိတ်ရှုပ်တယ်ဆိုရင် ယောင်လို့တောင် developerမလုပ်ပါနဲ့။ နောက်တစ်ခုပြောချင်တာက ဝါသနာပါ။ ဘယ်အလုပ်ဖြစ်ဖြစ် ဝါသနာမပါရင်မလုပ်ပါနဲ့ ။ ဝါသနာမပါရင် ဇွဲ၊ ကြိုးစားအားထုတ်မှုမရှိလို့ပါ။ ဘယ်အရာပဲဖြစ်ဖြစ် ဝါသနာကိုအရင်းခံပြီးလုပ်ပါ။ စေတနာထားလုပ်ပါ။