Google IDX

Code ရေးနေတဲ့ Developers များအတွက် အဆင်ပြေစေမဲ့ Cloud base IDE တစ်ခု နဲ့မိတ်ဆက်ပေးချင်ပါတယ်။ Codesandbox တို Replit တို့လို clouse base IDE တွေရှိပေမဲ့ ခုလက်ရှိ Google ကနေထုတ်ထားတဲ့ IDX ကတော့ ဒီကောင်တွေထက်ကိုသုံးရတာပိုမြန်ပြီး ပိုပေါ့တယ်။ အရင်က Android Development ပိုင်းသွားမယ်ဆို Ram ကအနည်းဆုံး ဘယ်လောက်ရှိရမယ်တို့ Emulator တင်လို့မရတဲ့ ပြသနာတွေရှိပေမဲ့ ခု IDX ကတော့ ဒီပြသနာတွေကို တစ်ခါတည်း‌ဖြေရှင်းပြီးသားဖြစ်သွားတယ်။ Website ပေါ်မှာ Emulator ကြီးတစ်ခုလုံးတင်ပြီး‌ရေးကြည့်တာတောင် လုံးဝလေးတယ်လိုကိုခံစားရဘူး။ Backend မှာ ဆိုရင်လည်း Laravel တို့ Flask တို Rust တို့လိုကောင်တွေ အတွက်လည်း Free Template တွေလုပ်ပေးထားတာမို့ ကိုယ်သုံးချင်တာကို ရွေးပြီးတစ်ခါတည်းသုံးလို့ရတယ်။ Laravel သုံးရင်တွေ့ရတတ်တဲ့ ဟို Module သွင်းလိုမရတော့တို့ Composer တင်လိုမရတာတို့ စတဲ့ Common Error တွေဘာမှကိုမရှိတော့ဘူး။ Google ကတော့ လုံးဝအဆင်သင့်ရေးရုံကိုလုပ်ပေးထားပါတယ်။တော်တော်ကိုကြမ်းတယ်။ Frontend ပိုင်းရေးချင်တဲ့ သူတွေအတွက်လည်း React တို့ NEXT JS တို့လို Template တွေလည်းရှိသေးတာမို့ ဘယ်အပိုင်းပဲ ရေးချင်ရေးချင် Google IDX ပေါ်မှာရေးလို့ရပါပြီ။ ဒါတင်ပဲလားဆိုတော့ AI နဲ့ Machine Learning အတွက်လည်း Template တွေရှိသေးတာမို့ စမ်းသုံးကြည့်ကြဖို့ အကြံပေးလိုက်ပါတယ်။ https://idx.google.com/ Learning today, Leading tomorrow!