Database အကြောင်းတစ်စေ့တစ်စောင်း

IT field ထဲကသူတွေ အနေနဲ့ Database ဆိုတာကို တော်တော်များများကတော့ ကြားဖူးနားဝရှိကြမှာဖြစ်ပါတယ်။Database အကြောင်း မသိသေးတဲ့သူများလည်းရှိနိုင်ပါသည်။ Database ဆိုတာက IT field က လူအများကdata တွေကို store လုပ်တဲ့နေရာတစ်ခုလို့သိထားကြပါတယ်။ Database ဆိုတာ data store လုပ်ဖို့အသုံးပြုဖို့အရာတင်ပဲမဟုတ်ပါဘူး။ Database မှာ query ရေးတာတွေ၊ Data table တွေ create လုပ်တာတွေ၊ Data တွေ insert လုပ်တာတွေ၊ update လုပ်တာတွေ၊ delete လုပ်တာတွေ စတဲ့ function တွေပါပါတယ်။ Database ကိုလေ့လာတော့မယ်ဆိုရင် SQL language ကိုသိထားရမှာဖြစ်ပါတယ်။ SQL ရဲ့အရှည်ကောက်က Structured Query Language ဖြစ်ပါတယ်။ SQL support လုပ်တဲ့ database တွေကတော့ SQL server, DB2, MySQL, Oracle စတာတွေဖြစ်ပါတယ်။ SQL language ကိုကောင်းကောင်းနားလည်ထားမယ်ဆိုရင် ဘယ် Database ကိုမဆို ကောင်းကောင်း အသုံးပြုနိုင်မှာပါ။ ပြီးတော့ Database System အကြောင်းကိုဆက်ပြောပါ့မယ်။ Database System မှာ အပိုင်း (၄) ပိုင်းပါဝင်ပါတယ်။ အဲဒါတွေကတော့ ... users Database applications(Mobile app /websites) Database Management System(DBMS) Database တို့ဖြစ်ပါတယ်။ ဥပမာအားဖြင့် User တစ်ယောက်ဟာ Database နဲ့ ချိတ်ထားတဲ့ Website ကိုအသုံးပြုနေပါက အဲဒိ Website ကို Database ရဲ့ application တစ်ခုအဖြစ် သတ်မှတ်ကြပါစို့။ အဲ့ဒိ database application ကနေတဆင့် Database Management System (DBMS) ကိုချိတ်ဆက်ပါတယ်။ DBMS ဆိုတာ ဂိတ်ပေါက်တစ်ခုရဲ့ အစောင့်တစ်ယောက်လိုပါဘဲ။ Database ထဲကို ဝင်လာတဲ့ Input Data တွေ သို့မဟုတ် database က ထွက်သွားမယ့် Output Data တွေကို Control လုပ်ပါတယ်။ DBMS ဆိုတာdatabase ထဲက dataတွေ processing လုပ်ဖို့အတွက် main function ဖြစ်ပါတယ်။ မှတ်ထားရမှာကတော့ User တွေ Database applications တွေက Database ထဲက data တွေ ကိုတိုက်ရိုက် access လုပ်လို့မရ ပါဘူး။ Database Management System ဆိုတဲ့ DBMS ကို အရင်ကျော်ဖြတ်ရပါတယ်။ User ဆိုတာက Database ကိုသုံးတဲ့ အသုံးပြုသူတွေပါ။ Database application ဆိုတာက Websites တွေ Mobile applications တွေ ဖြစ်ပါတယ်။ Database ဆိုတာက data တွေ access လုပ်ဖို့ User နဲ့ DBMS ကြားမှာ အလုပ်လုပ်တဲ့ Function ဖြစ်ပါတယ်။ Programmer တွေဟာ Java , C# and Android စတာတွေနဲ့ရေးထားတဲ့ mobile app ရေးချင်ရေးသလို ၊ASP.NET (သို့)PHP စတာတွေနဲ့ရေးထားတဲ့ websites တွေ ရေးရင်ရေးပါတယ်။ အဲ့ဒိ Database application တွေဟာ data တွေကိုတိုက်ရိုက် ချိတ်ဆက် အသုံးပြုလို့တော့ မရပါဘူး။ Data access လုပ်ခွင့်ရဖို့ DBMS ကတော့ ဖြတ်သွားရမှာဘဲ ဖြစ်ပါတယ်။ DBMS ကdatabase ရဲ့ Functions တွေကို Control လုပ်တဲ့ software program တစ်ခုပါ။ DBMS က Database တွေ create လုပ်ဖို့ administor အဖြစ်ဆောင်ရွက်ဖို့ သုံးတာပါ။ DBMS က database နဲ့ ချိတ်ဆက်ဆောင်ရွက်ပေမဲ့ သူ့ကိုယ်တိုင်က Database မဟုတ်ပါဘူး။ DBMS က Functionတွေ အများကြီး ဆောင်ရွက်နိုင်ပါတယ်။ DBMS ဟာ database အသစ်တွေ Create လုပ်နိုင်တယ်။ DBMS အ သုံးပြုပြီးData တွေကို read, write & storeလုပ်နိုင်ပါတယ်။ DBMS ကိုအသုံးပြုပြီး Data တွေကို Editing and updating လည်းလုပ်နိုင်ပါတယ်။ DBMS ကိုအသုံးပြုပြီး Data တွေကို Delete လုပ်နိုင်ပါတယ်။ Data intergrity (Referential integrity Contriants )ဆိုတဲ့ မှန်ကန်တဲ့ Dataတွေကို check လုပ်နိုင်တယ်။ စနစ်တကျ security ကိုလည်းcontrol လုပ်ထားနိုင်ပါတယ်။ Data တွေကို backup နဲ့ recovery လုပ်ပေးနိုင်ပါတယ်။ Database မှာကတော့ မိမိတို့ ထည့်သွင်းထားတဲ့ data တွေပဲရှိတာ မဟုတ်ပါဘူး။ တခြားအရာတွေဖြစ်တဲ့ metadata, indexes နဲ့ တခြား overhead data တွေ၊ application metadata တွေလည်းရှိပါတယ်။ Database System မှာ types (၂) မျိုးရှိပါတယ်။ Personal database systems Enterprise-level database system Personal database systems ဆိုတာ small database တွေဖြစ်ပါတယ်။ single user အဖြစ်ဘဲ သုံးကြပါတယ်။design တည်ဆောက်ပုံက Simple ဖြစ်ပြီး Complex မဖြစ်ပါဘူး။small businesses / Organizations တွေမှာ သုံးနိုင်ပါတယ်။Personal database system ရဲ့ Example ပြပါဆိုလျှင် Microsoft Access ဖြစ်ပါတယ်။ Enterprise-level Database Systems သူကတော့ Enterprise-level ဆိုတဲ့အတိုင်း Multi-users တွေကို တချိန်တည်းမှာ အသုံးပြုနိုင်၊ support ပေးနိုင်ဖို့ design ဆွဲထားတာဘဲ ဖြစ်ပါတယ်။ Enterprise level ဖြစ်လို့design က complexဖြစ်ပါတယ်။ထောင်နဲ့ချီတဲ့ users တွေ တချိန်တည်း သုံးနိုင်၊support လုပ်ပေးနိုင်ပါတယ်။၎င်း database system ဟာ တစ်ခုထက်ပိုတဲ့ applications တွေကို support ပေးနိုင်ပါတယ်။များသောအားဖြင့် computers တွေများများလိုအပ်မှာဖြစ်ပြီးအဲဒိdatabase systemမှာ database များစွာပါဝင်မှာဖြစ်ပါတယ်။database ဟာ များစွာသော physical servers တွေပေါ်မှာ run နိုင်မှာဖြစ်ပါတယ်။ အထက်ပါဖော်ပြပေးတဲ့အကြောင်းအရာကတော့ Database အကြောင်းတစ်စေ့တစ်စောင်းပဲဖြစ်ပါတယ်။