အာရှနိုင်ငံတွေမှာ ဝင်ငွေ အကောင်းဆုံး IT Job (၅) ခု

ကိုယ့်လူတို့ လက်ရှိစိတ်ဝင်စားနေတဲ့ အလုပ်တွေပါနေလား? လက်ရှိ လုပ်နေတဲ့ IT job တွေပါနေလား? ဖတ်ကြည့်ပါ ဒါကတော့ အာရှနိုင်ငံတွေမှာ ဝင်ငွေ အကောင်းဆုံး IT Job (၅) ခုကို List လုပ်ထားတာဖြစ်ပါတယ်။ 1️ Data Scientist : မြန်မာပြည်မှာတော့ အရင် သိပ်ခေတ်မစားသေးပေမယ့် (အခုတော့ တွေ့နေရပါပြီ) အာရှ IT နယ်ပယ်မှာတော့ ဝင်ငွေ အကောင်းဆုံး တစ်ခုလို့ပြောလို့ရပါတယ်။ ကိုယ့်ရဲ့ Level နဲ့ Experience ပေါ်မူတည်ပြီး တစ်နှစ်ကို $ 50,000 ကနေ $ 150,000 ကြားအထိ ဝင်ငွေရှိပါတယ်။ 2️ Cybersecurity Manager : Company ရဲ့ IT infrastructure ကို မသာမသူတွေ၊ ပြိုင်ဘက်တွေရဲ့ Cyber Attack ရန်ကကာကွယ်ဖို့ Cybersecurity Manager တစ်ယောက်ရဲ့ တစ်နှစ်ဝင်ငွေကတော့ $100,000 နဲ့ $ 200,000 ကြားရှိပါတယ်။ 3️ Cloud Computing Architect : စီးပွားရေးလုပ်ငန်းတွေအတွက် Cloud computing system တွေကို Designing လုပ်ပေး တန်ဆာဆင်ပေးတဲ့ Cloud Computing Architect တစ်ယောက်ရဲ့ တစ်နှစ်ဝင်ငွေကတော့ $ 80,000 နဲ့ $ 160,000 ကြားရှိပါတယ်။ 4️ Blockchain Developer : စီးပွားရေးလုပ်ငန်းတွေရဲ့ blockchain-based systems တွေကို Designing လုပ်၊ ပြုပြင်မွန်းမံ တန်ဆာဆင်ပေးရတဲ့ Blockchain Developer တစ်ယောက်ရဲ့ တစ်နှစ်ဝင်ငွေကတော့ ပျမ်းမျှ $80,000 နဲ့ $150,000 ကြားရှိပါတယ်။ 5️ Artificial Intelligence (AI) Engineer : အခုခေတ်စားလာတဲ့ လူတော်တော်များများ နားရေဝနေတဲ့ AI Engineer ရဲ့ တစ်နှစ်ဝင်ငွေကတော့ $80,000 ကနေ $160,000 ကြားရှိပါတယ်။ အိုင်တီ အလုပ်အကိုင်တွေကတော့ ကိုယ်ကသာ တစ်ဖက်ကမ်းခက် ကျွမ်းကျင်မယ်ဆိုရင်ဘယ်နေရာ၊ ဘယ်နိုင်ငံ ရောက်ရောက် ကောင်းကောင်း ရပ်တည်လို့ ရပါတယ်။ အောက်က Career (၃) ခုကတော့ Ethan Tech မှာ မသင်သေးပေမယ့်၊ အာရှမှာ ဝင်ငွေအကောင်းဆုံး Data Science နဲ့ Cybersecurity ကတော့ Ethan Tech မှာ သင်ယူလို့ရပါတယ်။ ကိုယ်ရော ဘယ်လမ်းကြောင်းကိုရွေးထားလဲ? ဆက်လျှောက်နေလား? အခုမှ စရွေးချယ်မှာလား? ဘာအခက်အခဲတွေရှိနေလဲ comment မှာ ရေးသွားကြပါဦး ??? နောက်တစ်ပတ်မှာ "မြန်မာနိုင်ငံမှာ အခွင့်အလမ်းများတဲ့ IT industry က အလုပ်အကိုင်တွေ အကြောင်း" ဆိုတဲ့ Topic နဲ့ ပြန်တွေ့ပါဦးမယ်....stay tuned ....