(IT) နည်းပညာလောကကို စတင်လေ့လာသူတွေအတွက် နားမလည်တဲ့ IT terms

(IT) နည်းပညာလောကကို စတင်လေ့လာသူတွေအတွက် နားမလည်တဲ့ IT term တွေ ရှုပ်ထွေးတဲ့ နည်းပညာဆိုင်ရာ အသုံးအနှုန်း အတိုကောက်တွေနဲ့ ပြည့်နှက်နေပါတယ်။ သိထားသင့်တဲ့ အသုံးများတဲ့ IT အသုံးအနှုန်းတွေကို လေ့လာကြရအောင်- Cloud Computing Cloud computing ဆိုတာက Internet ပေါ်ကနေ Storage ၊ Software၊ Processing Power စတဲ့ Service တွေကို စီမံလုပ်ဆောင် အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ Networking Networking ဆိုတာက Network တစ်ခုဖန်တီးဖို့အတွက် computers, servers, printers တွေလိုမျိူး စက်ပစ္စည်းတွေကို ချိတ်ဆက်ခြင်း ဖြစ်ပါတယ်။ files တွေလို resources တွေကို စက်ပစ္စည်းတစ်ခုကနေ တစ်ခုကို ချိတ်ဆက်ပေးနိုင်ပါတယ်။ Encryption Encryption ကုဒ်ဝှက်ခြင်း ဆိုတာက ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းကနေ ကာကွယ်ဖို့ Data တွေကို Code အဖြစ် ပြောင်းလဲခြင်း လုပ်ငန်းစဉ်ဖြစ်ပါတယ်။ Cybersecurity Cybersecurity ဆိုတာက Computer System နဲ့ Network တွေကို ခိုးယူခံရခြင်း၊ ပျက်စီးခြင်းနဲ့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းကနေ ကာကွယ် ပေးခြင်း ဖြစ်ပါတယ်။ Server Server ဆိုတာက Network တစ်ခုပေါ်မှာရှိနေတဲ့ အခြား Device တွေကို Services ၊ Resources တွေကို Provide လုပ်ပေးနိုင်တဲ့ Device တစ်ခုဖြစ်ပါတယ်။ Operating System Operating System ဆိုတာက ကွန်ပျူတာတစ်ခုရဲ့ Hardware နဲ့ Software တွေကို စီမံခန့်ခွဲပေးတဲ့ Software တစ်ခု ဖြစ်ပါတယ်။ Firewall Firewall ဆိုတာက အဝင်၊အထွက် Network traffic အသွားအလာကို စောင့်ကြည့်ထိန်းချုပ်တဲ့ လုံခြုံရေးကိရိယာတစ်ခုဖြစ်ပါတယ်။ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်မှုများကနေ ကာကွယ်ပေးပါတယ်။ API API ဆိုတာက application programming interface ဖြစ်ပါတယ်။ Software တည်ဆောက်ခြင်းအတွက် လိုအပ်တဲ့ protocols, routines နဲ့ tools တွေဖြစ်ပါတယ်။ API တွေက မတူညီတဲ့ Software တစ်ခုနှင့်တစ်ခု ဆက်သွယ်ရန် နဲ့ Data တွေ share ဖို့ လုပ်ပေးပါတယ်။ အိုင်တီအသုံးအနှုန်းတွေကို နားလည်ခြင်းက နည်းပညာကို ကောင်းကောင်း သင်ယူနိုင်စေဏုံသာမကဘဲ အိုင်တီပညာရှင်များနှင့်ပါ ထိထိရောက်ရောက် ဆက်သွယ်နိုင်စေရန် အကူအညီဖြစ်စေပါတယ်။