How To Start Programming

Programming ဆိုတဲ့ဟာကြီးနဲ့ ခုမှစတင်ထိတွေ့မဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။ Programming ဆိုတာကိုစလေ့လာတဲ့အခါမှာ ဘယ်လိုတွေလေ့လာသင့်လဲ၊ လေ့လာတဲ့အခါမှာလည်း ကြုံရမဲ့အခက်အခဲတွေ၊ဆောင်ရန်၊ရှောင်ရန် တွေအပြင် ဘယ်လို Resources တွေနဲ့လေ့လာရမယ်ဆိုတာတွေကို Guideline တစ်ခုအနေနဲ့ရေးသားဖော်ပြပေးထားပါတယ်။ အရင်ဆုံး Programming ကိုစလုပ်ဖိုမပြောခင်အရေးကြီးတဲ့ဟာကိုအရင်ပြောပါ့မယ်။ ကိုယ့်ဟာကိုယ်အရင်ဆုံးဝါသနာပါလားဆိုတာကိုပြန်မေးပါ။ Programming ကိုမဟုတ်ဘူး ဘာပဲလုပ်လုပ်ဝါသနာမပါရင်ဘာမှဖြစ်လာမှာမဟုတ်ပါ။ အထူးသဖြင့် Programming ဆိုတဲ့ဟာက တွေးတောစဥ်းစားရတာ Problems တွေကိုလက်တွေ့ဖြေရှင်းတာကြိုက်တဲ့သူတွေအတွက်ပိုပြီးသင့်လျော်ပါတယ်။ Programming ကိုစလုပ်တာနဲ့အရင်ဆုံးကြုံတွေ့ရမှာက Errors ပါ။ တစ်ချိုလေ့လာခါစလူတွေအများဆုံးဖြစ်တတ်ကြတာက Errors နဲ့တွေ့တာနဲ့ဘာဆက်လုပ်လုပ်လိုလုပ်ရမှန်းမသိ အချိန်ကြာလာတဲ့အမျှ Programming ကိုစတင်ငြီးငွေ့လာပြီးနောက်ပိုင်းလုံးဝလက်လျော့လိုက်တယ်။ ဒီနေရာမှာ အကြံပေးလိုတာကဒီလိုမျိုးအခက်အခဲတွေ Errors တွေကို ကိုယ့်ရဲ့ ဒီ Programming ပေါ်မှာ "ဝါသနာပါမှု" ,"စိတ်ရှည်မှု" တိုနဲ့ကျော်ဖြတ်သင့်ပါတယ်။ Programming ဆိုတာဘာလဲမေးရင် Program တွေရေးရတယ် Code ရေးတယ်ပေါ့။ တကယ်လည်း Code တွေရေးရတာပါပဲ။ Code ရေးတဲ့နေရာမှာလည်း ကိုယ်က Websites တွေရေးချင်တာလား ဒါမှမဟုတ် Games တွေ Application တွေရေးချင်တာလားပေါ့။ Programming မှာက ယေဘုယျအားဖြင့်နှစ်ပိုင်းရှိတယ်။ Frontend ပိုင်းနဲ့ Backend ပိုင်းဆိုပြီး နောက်ကျန်တဲ့ Game Development, Android or IOS Developments စသဖြင့်ကိုယ်ကဘာအပိုင်းကိုပိုအားသန်လဲ ဘယ်အပိုင်းကိုဆက်ပြီးလေ့လာသွားမလဲဆိုတာကို Programming ဆိုတာကြီးနဲ့စထိတွေ့တည်းကရွေးချယ်ထားရပါမယ်။ အပေါ်မှာပြောခဲ့သလိုကိုယ်အားသန်ကိုယ်ဝါသနာပါတဲ့အပိုင်းကိုရွေးချယ်ပြီးပြီဆိုရင် Programming ကိိဒီအောက်က Courses ကနေစရပါမယ်။ နာမည်ကြီး MIT(Massachusetts Institute Of Technology) ကသင်ကြားပေးတဲ့ Programming ကိုခုမှစလုပ်မဲ့သူတွေအတွက်အကောင်းဆုံး Courses တွေပါ။ Java, C/C++, Python, DataScience, Computer Science စတဲ့ Programming နဲ့ဆိုင်တဲ့ဟာတွေအများကြီးရှိပါတယ်။အကုန်အခမဲ့ပါ။ဒီအောက်ကဟာတွေကိုလေ့လာသင်ယူပြီးပြီဆိုရင် Programming ဆိုတာဘာလဲ Code တွေကိုဘယ်လိုရေးရလဲဆိုတာကိုနားလည်သဘောပေါက်လောက်မှာပါ။ (Introduction To Programming) http://ocw.mit.edu/courses/intro-programming/ နောက်တစ်ဆင့်က Frontend (သို) Backend ပိုင်းကိုဆက်သွားရပါမယ်။ဒီ Carrers လမ်းကြောင်းနှစ်ခုကိုရွေးချယ်တဲ့အခါအကြံပေးလိုတာက Frontend ကိုသာသွားပါ။ Frontend ပိုင်းကိုရသွားရင်နောက်ပိုင်း Full Stack လောက်ထိကိုသွားလိုရတာကြောင့်ပါ။အလုပ်အကိုင်နဲ့ပတ်သတ်လာရင်လည်း Frontend ပိုင်းကိုသာဦးစားပေးခေါ်ကြတာများပါတယ်။ Upwork တိုလို Freelancing လုပ်လိုရတဲ့ Platform တွေမှာ Frontend ပိုင်းကိုကျွမ်းကျင်ထားရင် အလုပ်လုပ်လိုရပါတယ်။ဒါကြောင့် Carrer လမ်းကြောင်းစရွေးတည်းက Frontend ကိုရွေးချယ်ပါလိုပြောတာပါ။ဒီလိုပြောလို Backend ဟာအသုံးမဝင်ဘူးလိုမပြောပါဘူး။သူ့နေရာသူအသုံးဝင်ပါတယ်။ Frontend မှာအဓိကအားဖြင့်မရှိမဖြစ်သင်ယူတတ်မြောက်ထားရမဲ့ဟာ(၃) ခုရှ်ပါတယ်။ (1) HTML (2) CSS (3) JavaScript Responsive ဖြစ်တဲ့ Websites တွေရေးသား တည်ဆောက်တဲ့အခါမှာမရှိမဖြစ်အသုံးပြုရမဲ့အက္ခရာကျတဲ့ (၃)ခုပါ။ Websites တွေရေးသားတဲ့နေရာမှာလည်း ဒီ ၃ခုသိထားရုံနဲ့မလုံလောက်ပါဘူး။ Web နည်းပညာအကြောင်း, HTML5 ,Cascading Style Sheets, HTTP (Client Server) တွေဘယ်လိုတွေအလုပ်လုပ်လဲ။ Web Hosting တွေဘယ်လို လွှင့်တင်ရမလဲ။ WEB App နည်းပညာတွေ,ကိုယ်ရေးထားတဲ့ Websites တွေလုံခြုံဖိုအတွက်သိထားရမဲ့ Web Security တွေအကြောင်းကိုအလုံးစုံသိရှိထားဖိုလိုပါဦးမယ်။ ဒီဟာတွေကိုအသေးစိတ်သိဖိုအတွက် အရမ်းကောင်းတဲ့စာအုပ်တစ်အုပ်ရှိပါတယ်။ ဆရာအိမောင်ရေးထားတဲ့ Professional Web Developer ဆိုတဲ့စာအုပ်တစ်အုပ်ရှိပါတယ်။အဲ့စာအုပ်က Professional Web Developer တစ်ယောက်အတွက်သိရမဲ့ဟာတွေမှန်သမျှကိုအသေးစိတ်ရေးပေးထားပါတယ်။ အောက်က PDF Link မှာဖတ်ရှုမှတ်သားထားရပါမယ်။ https://eimaung.com/professional-web-developer/ စာအုပ်ဖတ်ပြီးသွားပြီဆိုရင်တော့ FutureLearn ကနေ Guide လုပ်ပြီးသင်ကြားပေးတဲ့ Introduction To Web Devlopment ဆိုတဲ့ Course တစ်ခုရှိပါတယ်။ HTML, CSS, DOM, JavaScript စတဲ့ Web Development ဆိုင်တဲ့နည်းပညာတွေကိုသင်ယူထားရပါမယ်။ Videos အတိုလေးတွေကြည့်ပြီးသင်ယူရတာကြောင့်လေ့လာတဲ့အခါမှာအခက်အခဲမရှိနိုင်ပါဘူး။ https://www.futurelearn.com/.../introduction-to-web... နောက်တစ်ခုက www.w3schools.com ဆိုတဲ့ Beginners Level အတွက်သင့်တော်တဲ့ Sites တစ်ခုပါ။ Web Development နဲ့ဆိုင်တဲ့နည်းပညာများကိုဒီ sites မှာဖတ်လိုရပါတယ်။ "How To Start Programming" Programming ဆိုတဲ့ဟာကြီးနဲ့ ခုမှစတင်ထိတွေ့မဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။ Programming ဆိုတာကိုစလေ့လာတဲ့အခါမှာ ဘယ်လိုတွေလေ့လာသင့်လဲ၊ လေ့လာတဲ့အခါမှာလည်း ကြုံရမဲ့အခက်အခဲတွေ၊ဆောင်ရန်၊ရှောင်ရန် တွေအပြင် ဘယ်လို Resources တွေနဲ့လေ့လာရမယ်ဆိုတာတွေကို Guideline တစ်ခုအနေနဲ့ရေးသားဖော်ပြပေးထားပါတယ်။ အရင်ဆုံး Programming ကိုစလုပ်ဖိုမပြောခင်အရေးကြီးတဲ့ဟာကိုအရင်ပြောပါ့မယ်။ ကိုယ့်ဟာကိုယ်အရင်ဆုံးဝါသနာပါလားဆိုတာကိုပြန်မေးပါ။ Programming ကိုမဟုတ်ဘူး ဘာပဲလုပ်လုပ်ဝါသနာမပါရင်ဘာမှဖြစ်လာမှာမဟုတ်ပါ။ အထူးသဖြင့် Programming ဆိုတဲ့ဟာက တွေးတောစဥ်းစားရတာ Problems တွေကိုလက်တွေ့ဖြေရှင်းတာကြိုက်တဲ့သူတွေအတွက်ပိုပြီးသင့်လျော်ပါတယ်။ Programming ကိုစလုပ်တာနဲ့အရင်ဆုံးကြုံတွေ့ရမှာက Errors ပါ။ တစ်ချိုလေ့လာခါစလူတွေအများဆုံးဖြစ်တတ်ကြတာက Errors နဲ့တွေ့တာနဲ့ဘာဆက်လုပ်လုပ်လိုလုပ်ရမှန်းမသိ အချိန်ကြာလာတဲ့အမျှ Programming ကိုစတင်ငြီးငွေ့လာပြီးနောက်ပိုင်းလုံးဝလက်လျော့လိုက်တယ်။ ဒီနေရာမှာ အကြံပေးလိုတာကဒီလိုမျိုးအခက်အခဲတွေ Errors တွေကို ကိုယ့်ရဲ့ ဒီ Programming ပေါ်မှာ "ဝါသနာပါမှု" ,"စိတ်ရှည်မှု" တိုနဲ့ကျော်ဖြတ်သင့်ပါတယ်။ Programming ဆိုတာဘာလဲမေးရင် Program တွေရေးရတယ် Code ရေးတယ်ပေါ့။ တကယ်လည်း Code တွေရေးရတာပါပဲ။ Code ရေးတဲ့နေရာမှာလည်း ကိုယ်က Websites တွေရေးချင်တာလား ဒါမှမဟုတ် Games တွေ Application တွေရေးချင်တာလားပေါ့။ Programming မှာက ယေဘုယျအားဖြင့်နှစ်ပိုင်းရှိတယ်။ Frontend ပိုင်းနဲ့ Backend ပိုင်းဆိုပြီး နောက်ကျန်တဲ့ Game Development, Android or IOS Developments စသဖြင့်ကိုယ်ကဘာအပိုင်းကိုပိုအားသန်လဲ ဘယ်အပိုင်းကိုဆက်ပြီးလေ့လာသွားမလဲဆိုတာကို Programming ဆိုတာကြီးနဲ့စထိတွေ့တည်းကရွေးချယ်ထားရပါမယ်။ အပေါ်မှာပြောခဲ့သလိုကိုယ်အားသန်ကိုယ်ဝါသနာပါတဲ့အပိုင်းကိုရွေးချယ်ပြီးပြီဆိုရင် Programming ကိိဒီအောက်က Courses ကနေစရပါမယ်။ နာမည်ကြီး MIT(Massachusetts Institute Of Technology) ကသင်ကြားပေးတဲ့ Programming ကိုခုမှစလုပ်မဲ့သူတွေအတွက်အကောင်းဆုံး Courses တွေပါ။ Java, C/C++, Python, DataScience, Computer Science စတဲ့ Programming နဲ့ဆိုင်တဲ့ဟာတွေအများကြီးရှိပါတယ်။အကုန်အခမဲ့ပါ။ဒီအောက်ကဟာတွေကိုလေ့လာသင်ယူပြီးပြီဆိုရင် Programming ဆိုတာဘာလဲ Code တွေကိုဘယ်လိုရေးရလဲဆိုတာကိုနားလည်သဘောပေါက်လောက်မှာပါ။ (Introduction To Programming) http://ocw.mit.edu/courses/intro-programming/ နောက်တစ်ဆင့်က Frontend (သို) Backend ပိုင်းကိုဆက်သွားရပါမယ်။ဒီ Carrers လမ်းကြောင်းနှစ်ခုကိုရွေးချယ်တဲ့အခါအကြံပေးလိုတာက Frontend ကိုသာသွားပါ။ Frontend ပိုင်းကိုရသွားရင်နောက်ပိုင်း Full Stack လောက်ထိကိုသွားလိုရတာကြောင့်ပါ။အလုပ်အကိုင်နဲ့ပတ်သတ်လာရင်လည်း Frontend ပိုင်းကိုသာဦးစားပေးခေါ်ကြတာများပါတယ်။ Upwork တိုလို Freelancing လုပ်လိုရတဲ့ Platform တွေမှာ Frontend ပိုင်းကိုကျွမ်းကျင်ထားရင် အလုပ်လုပ်လိုရပါတယ်။ဒါကြောင့် Carrer လမ်းကြောင်းစရွေးတည်းက Frontend ကိုရွေးချယ်ပါလိုပြောတာပါ။ဒီလိုပြောလို Backend ဟာအသုံးမဝင်ဘူးလိုမပြောပါဘူး။သူ့နေရာသူအသုံးဝင်ပါတယ်။ Frontend မှာအဓိကအားဖြင့်မရှိမဖြစ်သင်ယူတတ်မြောက်ထားရမဲ့ဟာ(၃) ခုရှ်ပါတယ်။ (1) HTML (2) CSS (3) JavaScript Responsive ဖြစ်တဲ့ Websites တွေရေးသား တည်ဆောက်တဲ့အခါမှာမရှိမဖြစ်အသုံးပြုရမဲ့အက္ခရာကျတဲ့ (၃)ခုပါ။ Websites တွေရေးသားတဲ့နေရာမှာလည်း ဒီ ၃ခုသိထားရုံနဲ့မလုံလောက်ပါဘူး။ Web နည်းပညာအကြောင်း, HTML5 ,Cascading Style Sheets, HTTP (Client Server) တွေဘယ်လိုတွေအလုပ်လုပ်လဲ။ Web Hosting တွေဘယ်လို လွှင့်တင်ရမလဲ။ WEB App နည်းပညာတွေ,ကိုယ်ရေးထားတဲ့ Websites တွေလုံခြုံဖိုအတွက်သိထားရမဲ့ Web Security တွေအကြောင်းကိုအလုံးစုံသိရှိထားဖိုလိုပါဦးမယ်။ ဒီဟာတွေကိုအသေးစိတ်သိဖိုအတွက် အရမ်းကောင်းတဲ့စာအုပ်တစ်အုပ်ရှိပါတယ်။ ဆရာအိမောင်ရေးထားတဲ့ Professional Web Developer ဆိုတဲ့စာအုပ်တစ်အုပ်ရှိပါတယ်။အဲ့စာအုပ်က Professional Web Developer တစ်ယောက်အတွက်သိရမဲ့ဟာတွေမှန်သမျှကိုအသေးစိတ်ရေးပေးထားပါတယ်။ အောက်က PDF Link မှာဖတ်ရှုမှတ်သားထားရပါမယ်။ https://eimaung.com/professional-web-developer/ စာအုပ်ဖတ်ပြီးသွားပြီဆိုရင်တော့ FutureLearn ကနေ Guide လုပ်ပြီးသင်ကြားပေးတဲ့ Introduction To Web Devlopment ဆိုတဲ့ Course တစ်ခုရှိပါတယ်။ HTML, CSS, DOM, JavaScript စတဲ့ Web Development ဆိုင်တဲ့နည်းပညာတွေကိုသင်ယူထားရပါမယ်။ Videos အတိုလေးတွေကြည့်ပြီးသင်ယူရတာကြောင့်လေ့လာတဲ့အခါမှာအခက်အခဲမရှိနိုင်ပါဘူး။ https://www.futurelearn.com/.../introduction-to-web... နောက်တစ်ခုက www.w3schools.com ဆိုတဲ့ Beginners Level အတွက်သင့်တော်တဲ့ Sites တစ်ခုပါ။ Web Development နဲ့ဆိုင်တဲ့နည်းပညာများကိုဒီ sites မှာဖတ်လိုရပါတယ်။